
ရှိသောနယူးစတောင်းမြို့၊ဆန်ဒီဟွက်မူလတန်းကျောင်းတွင် သေနတ်သမားတစ်ဦးဝင်ရောက်ပစ်ခတ်မှု ကလေးငယ် ၂၀ ဦးနှင့် အရွယ်ရောက်ပြီးသူ ခြောက်ဦး တို့သေဆုံးခဲ့ပါတယ်။ လူသတ်မှုကျူးလွန်ခဲ့သူမှဒန်လန်ဇာ ဟုအမည်ရသည့် အသက် ၂၀ အရွယ်သေနတ်သမားသည် အဆိုပါနေ့နံနက်ပိုင်းတွင် ၄င်း၏မိခင်ဖြစ်သူဦးစွာ သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီးနောက်သူ၏အမေစာသင်သည့်ကျောင်းဖြစ်သည့် နယူးစတောင်းမြို့ရှိ ဆန်ဒီဟွက်မူလတန်းကျောင်းသို့ သွားရောက်ပြီး စာသင်ခန်းနှစ်ခန်းသို့ သေနတ်ဖြင့်ဝင်ရောက်ဖြစ်ခတ်သည်။ နယူးစတောင်းမြို့၊ဆန်ဒီဟွက်မူလတန်းကျောင်းတွင် သေနတ်သမားတစ်ဦးဝင်ရောက်ပစ်ခတ်မှု ကလေးငယ် ၂၀ ဦးနှင့် အရွယ်ရောက်ပြီးသူ ခြောက်ဦး တို့သေဆုံးခဲ့ပါတယ်။ လူသတ်မှုကျူးလွန်ခဲ့သူမှဒန်လန်ဇာ ဟုအမည်ရသည့် အသက် ၂၀ အရွယ်သေနတ်သမားသည် အဆိုပါနေ့နံနက်ပိုင်းတွင် ၄င်း၏မိခင်ဖြစ်သူဦးစွာ သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီးနောက်သူ၏အမေစာသင်သည့်ကျောင်းဖြစ်သည့် နယူးစတောင်းမြို့ရှိ ဆန်ဒီဟွက်မူလတန်းကျောင်းသို့ သွားရောက်ပြီး စာသင်ခန်းနှစ်ခန်းသို့ သေနတ်ဖြင့်ဝင်ရောက်ဖြစ်ခတ်သည်။ထိုသို့ပစ်ခတ်ပြီးနောက် သေနတ်သမားသည်၎င်း၏ သေနတ်ဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ထိုဖြစ်ရပ်အတွင်းလူပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ထိုကိစ္စနဲ့ပတ်သတ်ပြီး သမ္မတ အိုဘားမားက "အသိညဏ်ကင်းမဲ့သည့် အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ကလေးပေါင်းများစွာနှင့် တိုင်းပြည်ကချစ်ရသည့် ဆရာများသေဆုံးခဲ့ရသောကြောင့် အမေရိကန်တစ်နိုင်ငံလုံးက ရင်ကွဲနာကျရကြောင်း " ပြောကြားခဲ့သည်။ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ထိုနေ့တွင် အိမ်ဖြူတော်ရှိ အမေရိကန်နိုင်ငံအလံအား တစ်ဝက်သာလွှင့်ထူစေခဲ့သည်။
No comments:
Post a Comment