ငါတို့အတူတူ
တောင်တန်းတွေကို ရှုရှိုက်ကြမယ်
မုဆိုးတွေကိုတော့ ဖယ်ထား
ဒူးတွေတွေ သွားကြားညှပ်မယ်
ငါတို့အတူတူ
ကောင်းကင်ကို တကယ်ဖြူအောင်
ဆေးခြယ်ကြမယ်
ဘုရားသခင်ကိုလည်း ဖယ်ထား
ဆေးပေသွားရင် မကောင်းဘူး
နင်နဲ့ငါပေါင်းမှ
လက်ဖ၀ါးက တစ်စုံတည်းရယ်
ကျန်လက်ဖ၀ါးတွေက မအား
မြဲမြဲတွဲထားရလို့လေ
ဒီလိုပေါ့ ချစ်သူရယ်
ကိုယ့်ကိုယ်ကိုလည်း ထူရမယ်
လဲနေသူကိုလည်း ထူရမယ်
ပြီးတော့......ကမ္ဘာ့အစိတ်အပိုင်းတွေကိုလည်း
မြတ်နိုးကူညီကြရမယ်။........။
သူဝေး၏ "ခရမ်းရောင်ခေါင်းလောင်းလေးများ' ၀တ္ထုမှ..........
No comments:
Post a Comment