*ပညာသင်နှစ်ရဲ့ နေထွက်ချိန်မှာ
ရွက်ဟောင်းကြွေ၍
ရွက်သစ်ဝေချိန် ဇွန်၊ဇူလှိုင်မှာ
တွေ့ကြဆုံကြ၊ ပျော်ရွှင်ကြသည်။
*ပညာသင်နှစ်ရဲ့ မွန်းတည့်ချိန်မှာ
ဝသန်မိုးတို့ ရွာသွန်းဖြိုး၍
စိမ်းလန်းနေချိန် နိုဝင်ဘာမှာ
တွေ့ပြီးဆုံပြီး၊ ချစ်ခဲ့ပြီးပြီ
*ပညာသင်နှစ်ရဲ့ နေ၀င်ချိန်မှာ
ဆီးနှင်းကြွေ၍
ချမ်းအေးနေချိန် ဒီဇင်ဘာအပြီးမှာ
ခွဲကြခွာကြ ၀မ်းနည်းကြရတော့မည်၊........
Light
No comments:
Post a Comment